ဝန်ဆောင်မှု စည်းမျဉ်းနှင့် သဘောတူညီချက်များ
နောက်ဆုံးပြင်ဆင်သည့်နေ့ — ၁၉-၀၉-၂၀၂၆ • Version 2026-09-19-v1
၁။ ကိုယ်ရေးအချက်အလက် ကာကွယ်မှု
တိုင်ပင်ရန် ပေးပို့သော အမည်၊ ဖုန်းနံပါတ်၊ ကျန်းမာရေးအချက်အလက်၊ စာများ၊ အသံနှင့် ဖိုင်များကို တိုင်ပင်ကုသမှု၊ ငွေပေးချေမှုစစ်ဆေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းအတွက်သာ အသုံးပြုပါမည်။ အကောင့် PIN ကို လျှို့ဝှက်ထားရမည်။ မလိုအပ်ဘဲ အခြားသူထံ မျှဝေမည်မဟုတ်သော်လည်း ဥပဒေအရ လိုအပ်ခြင်း၊ လူနာ၏ အသက်အန္တရာယ်ကာကွယ်ရန်လိုအပ်ခြင်း သို့မဟုတ် လူနာ၏ ခွင့်ပြုချက်ရှိခြင်းတို့တွင် မျှဝေနိုင်ပါသည်။
၂။ Online တိုင်ပင်မှု သဘောတူညီချက်
Online တိုင်ပင်မှုတွင် ကိုယ်တိုင်စမ်းသပ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ရောဂါသတ်မှတ်မှုနှင့် အကြံပြုချက်၌ ကန့်သတ်ချက်ရှိနိုင်ကြောင်း နားလည်ပါသည်။ မေးမြန်းထားသောအချက်များကို မှန်ကန်စွာ ဖြေပြီး ဆရာဝန်က လူကိုယ်တိုင်စစ်ဆေးရန် သို့မဟုတ် ဆေးရုံသို့သွားရန် အကြံပြုပါက လိုက်နာပါမည်။ ဆေးညွှန်း၊ ဆေးသောက်နည်း၊ အန္တရာယ်လက္ခဏာနှင့် follow-up ကို နားမလည်ပါက တိုင်ပင်ချိန်အတွင်း ပြန်မေးပါမည်။
၃။ ဝန်ဆောင်မှု စည်းမျဉ်း
အကောင့်ကို ကိုယ်တိုင်သာ အသုံးပြုရမည်။ မမှန်ကန်သောအချက်အလက်၊ အခြားသူ၏အကောင့် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာများ မသုံးရပါ။ Website၊ ဖုန်းကွန်ယက် သို့မဟုတ် ပြင်ပဝန်ဆောင်မှု ပြတ်တောက်မှုကြောင့် နှောင့်နှေးနိုင်ပါသည်။
၄။ Cancellation၊ အချိန်ပြောင်းခြင်းနှင့် Refund
- Payment မစစ်ဆေးရသေးမီ မှားလွှဲခြင်းရှိပါက “အကူအညီ” မှ ချက်ချင်းအသိပေးပါ။
- ဆရာဝန်ဘက်မှ တိုင်ပင်မှုမပေးနိုင်၍ အခြားအချိန်မညှိနိုင်ပါက အပြည့်အဝ refund ပြန်ပေးပါမည်။
- လူနာက appointment မတိုင်မီ အနည်းဆုံး ၂ နာရီကြိုတင်အကြောင်းကြားပါက ရနိုင်သည့်အချိန်သို့ တစ်ကြိမ် ပြောင်းပေးနိုင်ပါသည်။
- အကြောင်းမကြားဘဲ ပျက်ကွက်ခြင်း၊ တိုင်ပင်မှုစတင်ပြီးခြင်း သို့မဟုတ် ဆရာဝန်က ဝန်ဆောင်မှု ပေးပြီးခြင်းအတွက် ပုံမှန်အားဖြင့် refund မရပါ။ ခြွင်းချက်ကို ဖြစ်ရပ်တစ်ခုချင်းစီ စစ်ဆေးပါမည်။
- Refund အတည်ပြုပြီးပါက မူလပေးချေသည့် wallet သို့ ပုံမှန် ၃–၇ အလုပ်လုပ်ရက်အတွင်း ပြန်ပို့ပါမည်။ Wallet provider ကြောင့် ကြာချိန်ကွာနိုင်ပါသည်။
၅။ အရေးပေါ်နှင့် ဝန်ဆောင်မှုကန့်သတ်ချက်
ဤဝန်ဆောင်မှုသည် အရေးပေါ်ကုသမှု မဟုတ်ပါ။ ရင်ဘတ်အလွန်နာခြင်း၊ အသက်ရှူမဝခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ လေဖြတ်လက္ခဏာ၊ သွေးထွက်များခြင်း သို့မဟုတ် အခြားအသက်အန္တရာယ်ရှိသည့် လက္ခဏာရှိပါက Website reply ကို မစောင့်ဘဲ အနီးဆုံးဆေးရုံ/ဆေးခန်းသို့ ချက်ချင်းသွားပါ။
၆။ Data သိမ်းဆည်းခြင်းနှင့် ဖျက်ခြင်း
ပြီးဆုံးသည့် consultation ၏ chat၊ voice၊ upload ဖိုင်နှင့် payment proof တို့ကို လုပ်ငန်းလိုအပ်ချက်အရ အနည်းဆုံး ၁၄ ရက်ထားပြီး cleanup လုပ်နိုင်ပါသည်။ Diagnosis၊ prescription၊ clinical summary နှင့် ငွေပေးချေမှုမှတ်တမ်းကို ဆေးဘက်/စာရင်းဆိုင်ရာ လိုအပ်ချက်အတွက် ပုံမှန် ၅ နှစ်အထိ သို့မဟုတ် လိုအပ်သည့်ကာလအထိ သိမ်းထားနိုင်ပါသည်။ မိမိ data ဖျက်ရန် “အကူအညီ” မှ တောင်းဆိုနိုင်ပြီး ထိန်းသိမ်းရမည့် တာဝန်မရှိသည့် data ကို စစ်ဆေးဖျက်ပေးပါမည်။
အကောင့်ဖွင့်ခြင်း သို့မဟုတ် consultation တင်ခြင်းဖြင့် အထက်ပါစည်းမျဉ်းများကို ဖတ်ရှုနားလည်ပြီး သဘောတူကြောင်း အတည်ပြုပါသည်။
